ယခင်အပတ်ထက် ဈေးနှုန်းမြှင့်တက်လာသော ဆောင်းမြေပဲလုံးဆံ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မတ်လ၊ လကုန်ပတ်အတွင်း အရောင်း အဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

   ရွှေဘိုခရိုင်အတွင်းစိုက်ပျိုးထားသော ဆောင်းမြေပဲများရိတ်သိမ်းပြီး၍ ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများ ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်ဝင်ရောက်လာပြီး မတ်လ လကုန်ပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ၊ လကုန်ပတ်အတွင်း မြေပဲလုံးဆံတစ်တင်းလျှင် (၁၀၀၈၀ဝိ/-) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၇)တန်ဖြစ်ကြောင်း၊ ယခင်နှစ် ကာလတူ၌ မြေပဲလုံးဆံတစ်တင်းလျှင် (၆၀၈၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ မြေပဲလုံးဆံ တစ်တင်းလျှင် (၉၉၂၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၄၀၀၀ဝိ/-) ဈေးပိုခဲ့ကြောင်းနှင့်  ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင်(၁၆၀ဝိ/-) ဈေးနှုန်းမြှင့်တက်လာပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)