မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်း ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၄၇၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် လေးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၂၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၇၅၀၀၊ 929 တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၈၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၆၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် သုံးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၂၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးထောင်ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၅၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော် မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၉၃၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၃၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၈၆၆၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်မှ လေးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်များစာရင်းအရ သိရသည်။
DOCA(စစ်ကိုင်း)