ဆိပ်ဖြူကြက်သွန်နီ မတ်လ(စတုတ္ထ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

        ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့်ကြက်သွန်နီပွဲရုံများ အနေဖြင့်မတ်လ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များ တစ်ရက် လျှင် ပျမ်းမျှကြက်သွန်နီ ကုန်ချိန်ပိဿာ(၇)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်ပြီးအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

       ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၀၂၅ မှ ၉၂၅)၊ အလတ်စ ကျပ်(၉၀၀ မှ ၈၅၀)၊ အသေးစ ကျပ်( ၇၀၀ မှ  ၅၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(တတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁) ပိဿာ လျှင် ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၂၅)ဖြင့် ဈေးနှုန်းအနည်းအငယ်မြင့်တက်ပြီး အလတ်စနှင့် အသေးစတို့မှာ ကျပ်(၁၅၀)စီခန့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ဧရာဝတီတိုင်းဒေသကြီးများသို့ တင်ပို့မှုများပြီး   မြဝတီ မူဆယ်မြို့ပေါ်မှ ပြည်ပပို့ကုန် ဝယ်လက်နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ပြည်ပပို့ကုန်တင်ပို့မှုနည်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။ အများဆုံးတင်ပို့လျက်ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၅) သိန်း၊ (၁၄၂၈၆)အိတ်၊ တန်ချိန်(၈၁၆)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်များမှ သိရှိခဲ့ရပါသည်။

          ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးကို လိုက်ပြီး (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၂၀၀/ ၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)