တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ ဧည့်မထဈေးနှုန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်အိတ်လျှင် ၅၇၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပါသည်။
မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးအနည်းငယ် ကျဆင်းပါသည်။
ကြက်သွန်နီမှာ အသေး တစ်ပိဿာ ၁၀၀၀ ကျပ်၊ အကြီးတစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြူမှာ ယခင်အပတ်က အသေး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ အလတ် ၅၅၀၀ ကျပ်နှင့် အကြီး ၅၈၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် အသေး ၄၀၀၀ ကျပ်၊ အလတ် ၄၅၀၀ ကျပ်နှင့် အသေး ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။
ငရုတ်သီး အရှည်တောင့်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။ အာလူးမှာလည်း တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။
မြေပဲဆံအနီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၇၆၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး မြေပဲဆံအဖြူမှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)