တောင်ငူမြို့ ငှက်ပျောသီးဈေးကွက်

Powered by Drupal

      တောင်ငူမြို့ မြို့မဈေးကြီးနှင့် ညောင်ပင်ဈေးများသို့ တောင်ငူမြို့နှင့်အနီးတဝိုက်မှ ဒေသထွက် ငှက်ပျောသီးများ ဝင်ရောက်လျက်ရှိပါသည်။ ယခုအချိန်ကာလသည် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာအရ အလှူပွဲများစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြရာ အလှူတွင် မပါမဖြစ်သော ဘုရားပွဲ၊ နတ်ပွဲများတွင် အဓိကပါဝင်သည့် ရခိုင်ငှက်ပျောသီးသည် ယခင်က တစ်ဖီးလျှင် ၃၀၀ ကျပ် မှ ၄၀၀ ကျပ်အထိသာရှိရာမှာ ယခုအခါတွင် တစ်ဖီးလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိပေးရပြီး အလုံးလှ၍ အနာလွတ်လျှင် တစ်ဖီး ၁၀၀၀ ကျပ်အထိ ဈေးကောင်းရပါသည်။

   အခြားငှက်ပျောသီးများဖြစ်သော သီးမွှေးမှာ တစ်ဖီးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ ဖီးကြမ်းမှာ တစ်ဖီးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ၊ ရွှေနီမှာ တစ်ဖီးလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဈေးအသီးသီးရှိပြီး ယခင်ကာလကထက် အရောင်းအဝယ်ကောင်းကြောင်း ညောင်ပင်ဈေးရှိ ငှက်ပျောသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)