ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မုန်လာဥနီများ စိုက်ပျိုးထားရှိပြီး ကုန်ကျစရိတ် အကျိုးအမြတ်အား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ သည် (၆.၄.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာရှိ မုန်လာဥနီစိုက်ပျိုးသူ ဦးဘိုးမီနှင့် တွေ့ဆုံပြီးမေးမြန်းရာ မုန်လာဥနီကို စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ရှိသည်ဟု သိရှိရပါသည်။ မုန်လာဥနီအပင်သည် (၂)နှစ်ခံ အပင်မျိုးဖြစ်၍ နှစ်ရာသီအသက်ရှင်နေသော အပင်တစ်မျိုးဖြစ်ပါသည်။ ၎င်းသည် မုန်လာဥနီကို တစ်ဧကစိုက်ပျိုး ထားရှိပြီး စိုက်ပျိုးသည့်အခါ မျိုးစေ့ကိုသာစိုက်ပျိုးကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် မျိုးစေ့ကို စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် မျိုးစေ့(၃)ထုပ်ကုန်ပြီး စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ (၄၃၂၀၀၀) ကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ မုန်လာဥနီ တစ်ဧကလျှင် အထွက်ပိဿာချိန် (၁၀၀၀)ခန့် ထွက်ရှိပြီး ရောင်းဈေးမှာ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်နှင့် (၃၀၀၀)ကျပ် အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထို့ကြောင့် တစ်ဧကစိုက်ပျိုးမှု၏ အသားတင်အကျိုးအမြတ်မှာ (၂၀)သိန်း ခန့် ရရှိသည်ဟု သိရှိရပါသည်။
မုန်လာဥနီသည် သစ်သီးဝလံအုပ်စုထဲတွင် ပါဝင်ပြီး လူအများ စားသုံးမှုများသဖြင့် ဧကများစွာ တိုးချဲ့ စိုက်ပျိုးလျှင် ဝင်ငွေများစွာရရှိပြီး အကျိုးအမြတ်လည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ ပေါက်ခေါင်းဒေသမှ ထွက်ရှိသော မုန်လာဥအနီများကို ဒေသတွင်းဈေးများနှင့် ပေါင်းတလည်နှင့် ပြည်မြို့ဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)