ပူပြင်းသောနွေရာသီတွင် တောင်ငူမြို့၌ ရေခဲရောင်းအားကောင်း

Powered by Drupal

       တောင်ငူမြို့ အောင်မင်္ဂလာလမ်းရှိ နဂါးရေစင် ရေခဲဆိုင်တွင် ရေခဲ ပေါင်၇၀ တစ်တုံးလျှင် ယခင်က ၆၀၀၀ ကျပ်ဖြင့် ရောင်းချပေးရာ ယခုနွေရာသီတွင် ရေခဲ ရောင်းအားမြင့်တက်လာသောကြောင့် ရေခဲပေါင် ၇၀ တစ်တုံးလျှင် ၇၀၀၀ ကျပ်ခန့်ဖြင့်  ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပါသည်။

       အအေးဖျော်ရည်များတွင် အသုံးပြုသော ရေသန့်ရေခဲအား လက်လီ ၂၀၀၊ ၃၀၀ ကျပ်ဖိုး ဖြင့် ရောင်းချပေးပြီး ဆန် ၆ ပြည်ဝင်အိတ် ၁အိတ်လျှင် ၃၀၀၀ ကျပ်ခန့် ရောင်းချပေးလျက် ရှိပါသည်။

      ယခုလိုပူပြင်းသော နွေရာသီတွင် ကြံရည်၊ မန်ကျည်းဖျော်ရည်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း စသည့်ဖျော်ရည်များအပြင် အအေးမျိုးစုံလည်း ရောင်းအားကောင်းနေသောကြောင့် ရေခဲမှာလည်း ရောင်းအားကောင်းနေပါသည်။

     နဂါးရေစင် ရေခဲဒိုင်တွင် တစ်နေ့လျှင် ပေါင် ၂၈၀ ပါ ရေခဲတုံးကြီး အလုံး ၃၀ ခန့် ရောင်းချရကြောင်း တောင်ငူမြို့ ၊ အောင်မင်္ဂလာလမ်းရှိ နဂါးရေစင်ရေခဲဆိုင်မှ ပြောကြားချက်အရ လေ့လာသိရှိခဲ့ပါသည်။

DOCA(ပဲခူး)