ဖြူးမြို့မှ ပါရမီထင်းအစားထိုးလောင်စာတောင့်လုပ်ငန်း

Powered by Drupal

       ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ထန်းကုန်းလမ်းတွင် ထင်းအစားထိုး လောင်စာတောင့်လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်ရှိပါသည်။ ပါရမီလောင်စာတောင့်လုပ်ငန်းသည် ၎င်းတို့ မိသားစုပိုင် ပါရမီဆန်စက်မှ ထွက်ရှိသောစပါးခွံများဖြင့် လောင်စာတောင့်များ ထုတ်လုပ်ခြင်းဖြစ်ပါသည်။

          လောင်စာတောင့် ထုတ်လုပ်ရာတွင် စပါးခွံတစ်ဆနှင့် လွှစာမှုန့် တစ်ဆခွဲကိုရော၍ လောင်စာတောင့်ထုတ်သည့် စက်ထဲသို့ ထည့်ရပါသည်။ ထွက်ရှိလာသော လောင်စာတောင့်များကို မီးသွေးဖိုထဲထည့်ပြီး မီးသွေးဖြစ်အောင် ပြုလုပ်ရပါသည်။

      တစ်နေ့လျှင် အလုပ်သမား ၆ ဦးဖြင့် စပါးခွံ လောင်စာတောင့် ပိဿာ ၆၀၀ ထုတ်လုပ် နိုင်ပါသည်။ သို့ဖြစ်၍ တစ်နေ့လျှင် ကုန်ကြမ်းဖြစ် စပါးခွံ ပိဿာ ၆၀၀ နှင့် လွှစာမှုန့် ပိဿာ ၉၀၀ အသုံးပြုရပါသည်။ လွှစာမှုန့် ၁၀ ပိဿာ တစ်အိတ်လျှင် ၁၂၅၀ ကျပ်ဖြင့်ဝယ်ယူရပြီး စပါးခွံတစ် ပိဿာအတွက် ကုန်ကျစရိတ်မှာ ၃၀၀ ကျပ်ခန့်ရှိပါသည်။ လုပ်သားတစ်ဦးအတွက် တစ်နေ့လုပ်ခမှာ ၉၀၀၀ ကျပ်ဖြစ်ပါသည်။

        ထွက်ရှိလာသော လောင်စာတောင့်များကို ၆ ပိဿာပါ စက္ကူပုံးဖြင့်ထုပ်ပိုးပြီး တစ်ထုပ်လျှင် ၈၅၀၀ ကျပ်နှုန်းဖြင့် ဖြူးမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စပါးခွံလောင်စာတောင့်  ထုတ်လုပ်သူလုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)