မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၂၁)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃-ခုနှစ်၊ မတ်လ စတုတ္ထအပတ်နှင့် ဧပြီလ ပထမအပတ် စျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၁၂၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၂၂၁၀)ကျပ်ဖြစ်၍ (၉၀)ကျပ် စျေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၂၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၂၂၉၀)ကျပ် ဖြစ်၍ (၉၀)ကျပ် စျေးမြင့်ခဲ့ကြောင်း၊ ဓါတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင်(၂၁၅၅)ကျပ် ဖြစ်ပြီး ယခုအပတ်တွင် (၂၃၀၀)ကျပ်ဖြစ်၍ (၁၄၅)ကျပ်စျေးမြင့်ခဲ့ကြောင်း၊ ဓါတ်ဆီ (95) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၂၅၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၂၃၅၅)ကျပ်ဖြစ်၍ (၁၀၅)ကျပ် စသည်ဖြင့် အသီးသီး စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(မကွေး)