တောင်ငူခရိုင်အတွင်းရှိသကြားစက်များ လျာထားချက်အတိုင်းကြိတ်ခွဲပြီးစီး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် သကြားစက်(၄)လုံးရှိပါသည်။ ယခုနှစ် ကြံရာသီတွင် ယင်းသကြားစက် (၄)လုံးမှ ကြံတန်ချိန် ၃၀၅၀၀၀ ဝယ်ယူကြိတ်ခွဲနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လျာထားချက်အတိုင်း ပြည့်မီအောင် ကြိတ်ခွဲနိုင်ခဲ့ပြီးဖြစ်ပါသည်။

            ရေတာရှည်မြို့နယ် အောင်ချမ်းသာသကြားစက်သည် ကြံတောင်သူများအား ကြံတစ်တန်  လျှင် စိုက်စရိတ် ၃၀၀၀၀၀ ကျပ် ထုတ်ချေးပေးခဲ့ပြီး ကြံတန်ချိန် ၆၅၀၀၀ ဝယ်ယူကြိတ်ခွဲနိုင်ခဲ့ပါ သည်။ ရေတာရှည်မြို့နယ်၊ မြို့လှသကြားစက်မှာ ကြံတောင်သူများအား စိုက်စရိတ်ကြိုတင်ငွေ ထုတ်ပေးထားခြင်းမရှိဘဲ စက်အရောက်ငွေချေစနစ်ဖြင့် ကြံတန်ချိန် ၁၂၀၀၀၀ ကို ဝယ်ယူကြိတ်ခွဲနိုင်ခဲ့ပါသည်။ ၎င်းစက်များမှ ကြံများအား စက်ရုံအရောက်ဈေး ၈၅၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပါသည်။

            အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်နှင့် ဖြူးမြို့နယ် ဇေယျဝတီသကြားစက်တို့မှာ ကြံစိုက်ကာလက ကြံတောင်သူများအား ထွန်ယက်ချိန်တွင် တစ်ဧက ၂၅၀၀၀၀ ကျပ်နှင့် ဘောင်လုံးချိန်တွင် ၁၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၃၅၀၀၀၀ ကျပ်ထုတ်ပေးခဲ့ပါသည်။ ဗောဓိကုန်းသကြားစက်မှ ကြံတန်ချိန် ၇၀၀၀၀၊ ဇေယျဝတီသကြားစက်မှ ကြံတန်ချိန် ၅၀၀၀၀ တို့ကို စက်ရုံအရောက်ဈေး တစ်တန်လျှင် ၈၅၀၀၀ ကျပ်၊ ကွင်းဈေး တစ်တန်လျှင် ၆၇၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပါသည်။

           ကြံတန် ၁၀၀ ကြိတ်လျှင် သကြား ၉.၃၃ တန်မှ ၉.၅၀ တန်ခန့်အထိ ထွက်ရှိကြောင်း သိရပြီး သကြားစက်များမှ ကြိတ်ခွဲထွက်ရှိသော သကြားများကို ကုမ္ပဏီများသို့ တင်ဒါစနစ်ဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)