ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ် (ကျောက်တန်းကျေးရွာ)၊ စလင်း (ဆင်ဖြူ ကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ဧပြီလပထမအပတ်အတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ အာလူး (၁)ပိဿာလျှင်(၂၃၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၂၂၀၀ )ကျပ်၊ ပန်းဂေါ်ဖီ (၁)ထုပ်လျှင် (၈၀၀)ကျပ်၊ ဘူးသီး(၁)လုံးလျှင် (၈၀၀)ကျပ်၊ မုန်ညှင်း(၁)ထုပ်လျှင် (၄၀၀)ကျပ်၊ ရုံးပတီသီး (၁၀)ထောင့်လျှင် (၂၅၀- ၃၀၀)ကျပ်၊ ကန်စွန်းရွက် (တရုတ်) (၁)စီးလျှင် (၂၀၀ မှ၃၀၀)အတွင်း၊ ချဉ်ပေါင် ရွက်(၁) စီးလျှင် (၂၀၀ )ကျပ်၊ ပဲသီး (၁)စီးလျှင် (၅၀၀)ကျပ်၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (၁)ပိဿာလျှင် (၅၆၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက် (၁၀)သားလျှင်(၆၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် (၂၄၀မှ ၂၅၀)ကျပ်အထိ၊ ဖရဲသီး (၁)လုံးလျှင် (၁၅၀၀မှ ၃၀၀၀)ကျပ်အတွင်း၊ ဖရဲသီး(ကြီး၊ လတ်၊ သေး) ပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)