ကံမမြို့နယ် တောင်ချောင်းဘက်ရှိကျေးရွာများမှ ကံမမြို့၊ မြို့မဈေးအတွင်းသို့ ကြက်သွန်နီ၊ ငရုတ်နှင့် ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိပြီး ကြက်သွန်ဖြူနှင့်အာလူးတို့မှာ ပြည်မြို့မှ မှာယူရောင်း ချရကြောင်း စားဖိုဆောင်သီးနှံရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
၂၀၂၃ ခုနှစ် ဧပြီလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၉၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငရုတ်သီး(ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ငရုတ်သီး(စို) တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အားလူးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၆၀၀) တို့ ဖြစ်ပြီး ယခင်မတ်လ နောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၁၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၀၀)တို့သည် ဈေးလျော့၍ လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၄၀၀)၊ ငရုတ် သီး(ခြောက်) တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငရုတ်သီး(စို) တစ်ပိဿာလျှင် ကျပ်(၃၀၀) အသီးသီးဈေးမြင့်၍လည်းကောင်း ရောင်းချ လျက်ရှိပါကြောင်း ဈေးရောင်းချသူ ဒေါ်ခင်သိန်းထံမှ သိရပါသည်။
DOCA(မကွေး)