ရွှေဘိုဈေးကွက်၌ ဈေးအနည်းငယ်အေးပြီး အရောင်းအဝယ်ဖြစ်နေသော ကုလားပဲ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ဧပြီလ၊ ပထမပတ်အတွင်း ရွှေဘိုမြို့တွင် ပဲ၊ နှမ်းကုန်စည်ဒိုင်များ၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံအမျိုးအစားအလိုက် တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

   ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ (တတိယပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး ဧပြီလ(ပထမပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပြီး၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိရာ ယခုအပတ်တွင်လည်း ကုလားပဲ(V2) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဧပြီလ(ပထမပတ်)အတွင်း အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၆၇၅၀ဝိ/-)ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀)တင်း/ (၆)တန်ဖြစ်ကြောင်း၊ ကုလာပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊  ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2) တစ်တင်းလျင်(၆၈၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်လျော့နည်း သွားပြီး တောင်သူလက်ထဲတွင် လက်ကျန်နည်းခြင်းနှင့် သင်္ကြန်ကာလနီးခြင်းကြောင့် ဝင်ရောက်မှုလည်း နည်းကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)