ကန့်ဘလူ၊ ကျွန်းလှ ဒေသထွက် ရာသီစာညောင်ချိုဖူးဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

      ညောင်ဖူးဆိုသည်မှာ ကန့်ဘလူ၊ ကျွန်းလှ ဒေသတွင်မှ မဟုတ်ပဲ ဒေသတိုင်းနှင့်လူတိုင်း အထွေအထူးပြောပြစရာမလိုဘဲ မြင်ဘူးပြီး ရင်းနှီးပြီးသားလည်းဖြစ်ပါသည်။ လူများစားရတဲ့ ညောင်ပင်မှာဆိုရင် ညောင်ချိုပင်နှင့် ညောင်ချဉ်ပင်ဆိုပီး(၂)မျိုးရှိရာမှာ ညောင်ချိုပင်မှ ထွက်ရှိသော အဖူးနုနုထွတ်ထွထ်လေးတွေကို လူအများကခူးပြီး ရေနွေး ပွက်ပွက်ဆူ မှာထည့်ပြုတ်ကာ ခရမ်းချဉ်သီးငပိဆီချက်၊ မြေပဲဆံထောင်း၊ နှမ်းထောင်း၊ ကြက်သွန်ကြော်တို့နဲ့ သုပ်စားကြသလို ငပိရည် နဲ့ တို့စရာအဖြစ်လည်း စားကြပါသည်။ ညောင်ချည်ဖူးသည် ချည်ရည်ကျို၍သာ စားကြတာဖြစ်ပါသည်။ ယခုအချိန်ရာသီတွင် ညောင်ချိုဖူးလေးများ စတင်ထွက်လာပြီ ဖြစ်သဖြင့် ညောင်ချိုဖူး နုနုလေးများကို ခူးဆွတ်ပြီး ဈေးကွက်အတွင်း ရောင်းချရာတွင် ရာသီပေါ်ပင်စာလေး ဖြစ်သဖြင့် ဈေးကောင်းရောင်းရပြီး မိသားစုဝင်ငွေ ရရှိနေကြပါသည်။ ညောင်ချိုဖူး နုနုလေးများကိုပြုတ် ရေညစ်ပြီး (၁၀)ကျပ်သားခန့် အလုံးလေး တစ်လုံးလျှင် ကျပ်(၃၀၀)နှင့် (၂)လုံးလျှင်ကျပ်(၅၀၀)နှုန်း၊ တပိဿာလျှင် ကျပ်(၂၅၀၀)နှုန်းဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)