ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

        ၂၀၂၃ ခုနှစ် ဧပြီလ (ပထမအပတ်)အတွင်း ကန့်ဘလူ၊ ကျွန်းလှ မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း) တစ်ပြည် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း) တစ်ပြည် (၃၂၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၃၂၀၀) ကျပ်၊ ယခင်အပတ်ထက်ရွှေဘိုပေါ်ဆန်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး ဧရာမင်း(အသစ်)တစ်ပြည် (၃၀၀၀) ကျပ် ယခင်အပတ်ထက် ဧရာမင်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၁၅၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၁၃၀၀) ကျပ် ကြက်သွန်နီ ရိုးရိုး အမျိုး အစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၄၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၁၂၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၈၀၀)ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၅၅၀၀) ကျပ် ကြက်သွန်ဖြူ လက်လီဈေး မှာ(ဗမာ) အလုံးသေး တစ်ပိသာ(၄၃၀၀)ကျပ် မှ  (၅၀၀၀) ကျပ် ၊ ယခင်အပတ်ဈေးအတိုင်းဖြစ်ပြီး ကြူကုတ် တစ်ပိသာ (၄၈၀၀) ကျပ် မှ (၅၃၀၀) ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်နေပြီး ၊ ချင်း တစ်ပိသာ (၃၅၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်ထက် တစ်ပိသာလျှင် (၈၀၀)ကျပ် မြင့်တက်နေပြီး ငရုတ်သီးခြောက် အမျိုးအစားအလိုက် (၁၆၀၀၀) ကျပ် မှ (၂၅၀၀၀) ကျပ် ယခင်အပတ်အတိုင်း ငြိမ်နေပြီး၊ အာလူးတစ်ပိသာ  (၂၃၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      ငရုပ်သီးစိမ်း တစ်ပိသာ (၂၅၀၀) ကျပ်  ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း ခရမ်းချဉ်သီး တစ်ပိသာ (၁၀၀၀) ကျပ် မှ(၁၂၀၀)ကျပ် ဖြစ်နေပြီး မတ်လကုန်အပတ်ထက်(၃၀၀/၄၀၀)ကျပ်ဝန်းကျင် မြင့်တက်နေကြောင်း ၊ ခရမ်းသီး တစ်ပိသာ (၅၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင်(၈၀၀) ကျပ်၊ ခါကြက်ဥ တစ်ပိသာ (၂၅၀၀) ကျပ် မှ (၃၀၀၀) ကျပ်၊ သံပုရာသီး တစ်လုံးလျှင် (၂၀၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ကုန်စိမ်းများသည် ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း ဈေးသည်တစ်ဦး ထံမှသိရှိရပါသည် ။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၅၀)ကျပ်၊ (အသေ)တစ်လုံး (၂၃၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၅၀) ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၀၀၀၀ )ကျပ် မှ (၁၂၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၀၀၀၀) ကျပ် မှ (၁၂၀၀၀) ကျပ် ထိ၊ ငါးကြင်း တစ်ပိသာ (၆၀၀၀) ကျပ် မှ (၈၅၀၀) ကျပ်၊ တီလားဗီးယားငါး တစ်ပိသာ (၄၀၀၀) ကျပ် မှ (၆၀၀၀) ကျပ် ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာ လျှင် (၁၄၀၀၀) ကျပ် မတ်လကုန်အပတ်ထက် တစ်ပိသာလျှင်(၁၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ စားအုံးဆီ တစ်ပိသာလျှင် (၇၂၀၀)ကျပ် မတ်လကုန်အပတ်ထက် တစ်ပိသာလျှင်(၂၀၀)ကျပ် မြင့်တက်လာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(မကွေး)