ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်၊ ရွှေစေတီလမ်းရှိ နေကြာပန်းအမှတ်တံဆိပ် မုန့်ညှင်းချဉ်၊ ကြက်သွန်ချဉ်နှင့်ပဲငပိလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသည့် ဦးဇော်နိုင်ဦးကို (၃.၄.၂၀၂၃)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် တွေ့ဆုံကာ မေးမြန်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ မိဘဘိုးဘွားပိုင်လုပ်ငန်းဖြစ်၍ သားစဉ် မြေးဆက် ဆောင်ရွက်ခဲ့ကြရာ နှစ်(၂၀)နီးပါးရှိပြီဖြစ်ကြောင်း၊ မုန့်ညှင်းချဉ်နှင့် ကြက်သွန်ချဉ်များကို တစ်နှစ်တစ်ခါ ရာသီပေါ်အချိန်တွင် ကုန်ကြမ်းများအား ကျောက်မဲမြို့နယ်ရှိ မန်ခါ၊ မန်ကျောင်း ကျေးရွာများနှင့် ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာများမှ ဝယ်ယူပြီး မုန့်ညှင်း (၁)ပိဿာကို ယခင်နှစ်များတွင် (30ဝိ/-)ကျပ် ဈေးနှုန်းရှိသော်လည်း ယခုနှစ်တွင် စိုက်ပျိုးစရိတ်မြှင့်တက်လာခြင်းကြောင့် မုန့်ညှင်း (၁)ပိဿာလျှင် (၇၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ် ဈေးပေးဝယ်ရကြောင်း သိရှိရပါသည်။
ရရှိလာသော ကုန်ကြမ်းများဖြစ်သည့် မုန့်ညှင်းနှင့်ကြက်သွန်ဖြူများကို ရေသန့်စင်အောင် သုံးကြိမ်ခန့် အထပ်ထပ်ဆေးကြောပြီး ငရုတ်၊ ဂျူး၊ ဆားတို့ဖြင့် သမအောင်နယ်၍ စဉ့်အိုးထဲသို့ သိပ် ထည့်ပြီး တစ်နှစ်ပြည့်သည့်အချိန်မှသာ ဖောက်၍ ဈေးကွက်အတွင်းသို့ ကုန်ချော အဖြစ် ၁ ပိဿာ၊ ၂၅ ကျပ်သားနှင့် ၅၀ ကျပ်သား စသည်ဖြင့် ပိဿာ၊ ကျပ်သားတို့ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းနှင့် ကုန်ကြမ်း(၁၀)ပိဿာပြုလုပ်လျှင် ကုန်ချော (၅) ပိဿာရရှိကြောင်း သိရှိရပါသည်။
ပဲငပိပြုလုပ်ရာတွင်လည်း ကုန်ကြမ်းဖြစ်သည့် မြေထောက်ပဲကို မန္တလေးမှ (၃၀)ပိဿာပါ တစ်အိတ်လျှင် (၈၄၀၀ဝိ/-)ကျပ်ဖြင့်ဝယ်ယူကာ ရေစင်အောင် ဆေးကြောပြီး ထင်းမီးဖြင့် ပြုတ်၍ ရရှိလာသော ပဲများကို အပုပ်ခံ၊ နေပူလှမ်းပြီးမှ ငရုတ်ချဉ်နှင့် ဆတူရော၍ မဆလာ၊ ဆား အသင့်အတင့် ထည့်ပြီး အိုးအတွင်းသို့ နှစ်ပေါက်သိပ်ထားရကြောင်း၊ ကုန်ကြမ်း(၃၀)ပိဿာလျှင် ကုန်ချော(၁၅)ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။
ဈေးနှုန်းအနေဖြင့် မုန့်ညှင်းချဉ် (၁)ပိဿာ (၃၀၀ဝိ/-)ကျပ်၊ ကြက်သွန်ချဉ် (၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်နှင့် ပဲငပိ (၁)ပိဿာလျှင် (၅၀၀ဝိ/-)ကျပ် ဈေးရှိပြီး နေ့စဉ်အထုပ်ရေ (၁၀၀၀၀)ခန့် ရောင်းရကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ပြင်ဦးလွင်၊ မန္တလေးနှင့် မုံရွာမြို့များသို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)