တောင်ငူမြို့တွင် သင်္ကြန်ကာလအတွင်း ပေါ်ဆန်းဆန် ဈေးအနည်းငယ်မြင့်တက်

Powered by Drupal

     တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခုလ ပထမပတ်တွင် ၈၉၀၀၀ ကျပ်ရှိရာမှ သင်္ကြန်ကာလပြီးဆုံးသည့် ယခုအပတ်တွင် ၉၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခုလ ပထမပတ်တွင် တစ်အိတ်လျှင် ၇၈၀၀၀ ကျပ်ရှိရာမှ သင်္ကြန်ကာလပြီးဆုံးသည့် ယခုအပတ်တွင် တစ်အိတ်လျှင် ၈၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခုလ ပထမပတ်တွင်  တစ်အိတ် လျှင် ၇၂၀၀၀ ကျပ်ရှိရာမှ သင်္ကြန်ကာလပြီးဆုံးသည့် ယခုအပတ်တွင် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ဧည့်မထမှာ တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

        မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၈၀၀ ကျပ်၊   ကြက်သွန်နီအသေးမှာ တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အကြီး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ တရုတ်ကြက်သွန်နီမှာ တစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊ ကြက်သွန်ဖြူ အသေးမှာ တစ်ပိဿာလျှင် ၃၆၀၀ ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ၄၄၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် သင်္ကြန် မတိုင်မီကာလကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

       အာလူးမှာ အသေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ယခင်အပတ်က အလတ် တစ်ပိဿာ လျှင် ၂၂၀၀ ကျပ် နှင့် အကြီး တစ်ပိဿာလျှင် ၂၆၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး တရုတ်အာလူးမှာ ယခုလပထမပတ်က တစ်ပိဿာလျှင် ၃၂၀၀ ကျပ်ရှိရာမှ သင်္ကြန်ကာလပြီးဆုံး သည့် ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

        ငရုပ်သီးခြောက် အပုမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ငရုပ်သီး ခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်အထိ၊ ငရုပ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ၊ မြေပဲဆံ အဖြူမှာ တစ်ပိဿာလျှင် ၇၂၀၀ ကျပ်၊ မြေပဲဆံအနီမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)