ဧပြီလအတွင်း ပဲခူးမြို့ရှိစားအုန်းဆီဈေးကွက်အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင်စားအုန်းဆီဈေးများဆက်လက် မြင့်တက်လျက်ရှိပါသည်။ သင်္ကြန်မတိုင်မှီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး သင်္ကြန်ပြီးကာလတွင်၅၂၀၀ ကျပ်ဖြင့်  ဈေးနှုန်းအနည်းငယ်မြင့်မားသွားကြောင်း သိရှိရပါသည် ။  

       စားအုန်းဆီ ဈေးမြင့်တက်လာရခြင်းမှာ ပြည်ပတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှ နယ်ဝယ်လက်များသို့ လိုအပ်သည့် ဆီပမာဏ လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းမရှိခြင်း၊ ပြည်ပစားအုန်းဆီရည်ညွှန်းဈေးနှုန်းမြင့်တင်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၃ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံဆီကုန်သည် လုပ်ငန်းရှင်များအသင်းမှလည်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ/ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့်   ဆီပိဿာချိန် ၅၅၄၄၀ ကိုဖြန့်ဖြူး ရောင်းချပေးပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)