၂၀၂၃ခုနှစ်၊ ဧပြီလ(တတိယပတ်)အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၄၀၀၀ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၄၅၀၀ ကျပ်၊ ဧမထတစ်ပြည်လျှင် ၃၀၀၀ကျပ်နှင့် ငစိန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၃၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၁၄၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၃၀၀ကျပ်နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက်တစ်စီးလျှင် ၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၂၅၀ကျပ်၊ အသေးတစ်လုံးလျှင် ၂၂၀ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် ၃၅၀ကျပ်၊အသေးတစ်လုံးလျှင် ၃၀၀ ကျပ်ရှိပါသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့်ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား(ဒေသကြက်)တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၉၅၀၀ကျပ်၊ ငါးမြင်းတစ်ပိသာလျှင် ၁၆၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါး ခြောက်လက်လီဈေးနှုန်းမှာ အာပြဲခြောက်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ၄၈၀၀၀ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် ၄၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)