မတ်ပဲစိုက်ပျိုး ဝင်‌ငွေတိုး

Powered by Drupal

      ပဲခူးတိုင်း‌ဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ မိုးအိုင်အုပ်စု ၊ မိုးအိုင်ကျေးရွာရှိ မတ်ပဲစိုက်တောင်သူ ဦး‌အောင်မင်းနှင့်တွေ့ဆုံ၍ (၂၀.၄.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀: ၀၀) နာရီအချိန်တွင် မတ်ပဲသီးနှံ စိုက်ပျိုးထားမှုအခြေနေ၊ သွင်းအားစုသုံးစွဲမှုအ‌ခြေအနေ ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ရရှိမှု အခြေနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

     မတ်ပဲစိုက်တောင်သူဦးအောင်မင်းမှ မတ်ပဲတစ်ဧကကို မတ်ပဲ ၁ တင်းခန့် ကျဲပတ်စိုက်ပျိုးရပြီး ပဲတီစိမ်း စိုက်သူရှိသော်လည်း မတ်ပဲကိုသာအများဆုံးစိုက်ပျိုးလျှက်ရှိပါကြောင်း ၊ စိုက်ပျိုးချိန်တွင် ပဲမျိုးကို ၁ တင်း ၅၀၀၀၀ စျေးအထိ ဝယ်ရပြီး ယခင်က ထွန်စက်ခ တစ်ထပ်လျှင် ၂၀၀၀၀ကျပ်သာပေးရကာ ယခုအခါ ထွန်စက်ခ တစ်ထပ်လျှင် ၃၀၀၀၀ကျပ်ပေးချေရပြီး နှစ်ထပ်ထွန်ယက်ရကြောင်း၊ စိုက်ပျိုးပြီး အပင်ပေါက် ၁၅ရက်ကျော်လျှင် မှိုသတ်ဆေးပက်ဖျန်းရ‌ကြောင်း၊ တစ်ပတ်ခန့်ကြာလျှင် ပိုးသတ်ဆေး၊ အပင်အားဆေး ပတ်ဖျန်းရကြောင်း ၊ ပန်းပွင့်ချိန်တွင် အပွင့်အသီးအားဆေးနှင့် ပိုးသတ်ဆေးပတ်ဖျန်းပေးရကြောင်း ၊ ပဲရိတ်သိမ်းချိန်အထိ ခန့်မှန်းကုန်ကျစရိတ် ၃၉၀၀၀၀ ကျပ်ခန့်ကုန်ကျကြောင်း ၊ တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းကျော်ခန့်သာ ထွက်ရှိပြီး တစ်တင်းပေါက်စျေးနှုန်း ၆၀၀၀၀ကျပ်ခန့်ရရှိကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် ၅၀၀၀၀၀ကျပ်နီးပါးခန့် အမြတ်ရှိကြောင်း မတ်ပဲစိုက်တောင်သူ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)