ဧပြီလ (ပထမပတ်၊ ဒုတိယပတ်) အတွင်း ဆိပ်ဖြူကြက်သွန်နီ ကုန်စည်စီးဆင်းမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

      ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် (၁-၄-၂၀၂၃ မှ ၁၂-၄-၂၀၂၃) ရက်နေ့အထိ ပထမ(၂)ပတ်အတွင်း (နွေ)ကြက်သွန်နီများမှာ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်ပိဿာ(၄)သောင်းခန့်၊ (၂)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

       ယခု ဧပြီပထမ(၂)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၁၀၀ မှ ၉၃၅) ထိ၊ အလတ်စ ကျပ် (၉၀၀ မှ ၈၅၀) ထိ၊ အသေးစ ကျပ် (၈၀၀ မှ  ၇၅၀) ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်မတ်လ(စတုတ္ထပတ်)တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ် (၁၀၂၅) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်)ကျပ် (၇၅)၊ အလတ်စနှင့်အသေးစတို့မှာ ကျပ် (၁၀၀) စီခန့်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ဆိပ်ဖြူမြို့မှ ကြက်သွန်နီများအနေဖြင့် အခြားတိုင်းဒေသကြီးများသို့စီးထွက်မှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် မူဆယ်ဝယ်လက်မှတစ်ဆင့် တရုတ်နိုင်ငံ၊ မြဝတီဝယ်လက်မှတစ်ဆင့် ထိုင်း/ဗီယက်နမ်နိုင်ငံများသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။ ယခုဧပြီလ ပထမ(၂)ပတ်အတွင်း ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာ(၄)သိန်းခန့်၊ (၁၁၄၂၈) အိတ်၊ တန်ချိန် (၆၅၃) တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

   ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏အရွယ်အစား/အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၁၃၀၀/၁၂၀၀/၉၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)