မကွေးတိုင်းဒေသကြီး၏စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လူသုံးများသောဓာတ်မြေဩဇာများမှာ အာမို၊ MC၊ တက်တိုးနှင့် ရွှေပုလဲဖြစ်ကြပြီး ဈေးနှုန်းများမှာ ဧပြီလ(ဒုတိယပတ်)တွင် အာမို(၁၅:၁၅:၁၅)(50kg)တစ်အိတ်လျှင် ကျပ်(၁၄၄၀၀၀)ဖြစ်ပြီး တတိယအပတ်တွင် ကျပ်(၁၄၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ MC(၁၅:၁၅:၁၅)(50kg)တစ်အိတ်လျှင် ဒုတိယအပတ်တွင် ကျပ်(၁၂၂၀၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင် ကျပ်(၁၂၁၅၀၀)ဖြစ်၍ ကျပ်(၅၀၀)အသီးသီးဈေးလျော့ခဲ့ကြပြီး တက်တိုး(၁၅:၇:၈)(50kg) တစ်အိတ်လျှင် ဒုတိယအပတ်တွင် ကျပ်(၇၃၅၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၅၀၀)စျေးတက်ခဲ့ကြောင်း၊ ရွှေပုလဲ(မြင်းကျား)(50kg)တစ်အိတ်လျှင် ဒုတိယအပတ်တွင် ကျပ်(၅၂၀၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင်လည်း ကျပ်(၅၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
လူသုံးများသောပိုးသတ်ဆေးများမှာ ပရိုမက်တင် 51.8E (500 CC)တစ်ဘူးလျှင် ဧပြီလ( ဒုတိယပတ်)တွင် ကျပ်(၂၅၀၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင်လည်း ကျပ်(၂၅၀၀၀)၊ ဆလက်ပက်(စ်) (500CC) တစ်ဘူးလျှင် ဒုတိယအပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင်လည်း ကျပ်(၂၁၅၀၀)၊ အီရာပရိုသရင် (500CC)တစ်ဘူးလျှင် ဒုတိယအပတ်တွင် ကျပ်(၂၄၅၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင်လည်း ကျပ်(၂၄၅၀၀)၊ ဖို(စ်)တင်း EC (500CC)တစ်ဘူးလျှင် ဒုတိယအပတ်တွင် ကျပ်(၁၇၅၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင်လည်း ကျပ်(၁၇၅၀၀)ဖြစ်၍ စျေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ သီးနှံစိုက်ပျိုးသည့်ရာသီအချိန်မဟုတ်၍ ပိုးသတ်ဆေးများမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)