မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးစျေးနှုန်းများမှာ ဧပြီလ(တတိယပတ်)တွင် Parecetmol (500)mg (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၃၀၀)၊ Decogin (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၄၀၀)၊ Civit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၁၅၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၉၀၀)၊ Amoxacillin အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၄၇၀၀)၊ Enorvon-C (၄)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၄၅၀)၊ Bermeton အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ် (၁၆၀၀)၊ Cetrine (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၅၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ (၁)ကဒ်လျှင် ကျပ်(၂၉၀၀)၊ Becozine (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၃၆၀၀)၊ Vitahome (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၆၅၀)၊ Saya (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅)လုံးပါ (၁)ကဒ်လျှင် ကျပ်(၃၉၅၀)၊ Flemex (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၃၂၅၀)၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၄၅၀)၊ Wood (၁၅)လုံးပါ (၁)ဘူးလျှင် ကျပ်(၇၇၀၀)၊ Alexal (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၂၁၀၀)၊ Mexagrip (၄)လုံးပါ (၁)ကဒ်လျှင် ကျပ်(၈၀၀)တို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ဆေးဆိုင်များမှသိရှိရပါသည်။

     လက်ရှိအချိန်တွင် အပူချိန်မြင့်မားလျက်ရှိသည့်အတွက် ဈေးကွက်အတွင်း ဓာတ်ဆား(သီးစုံ) Royal-D၊ MPF၊ Pocari Sweat များဝယ်ယူမှုများကာ ဈေးနှုန်းအနေဖြင့်လည်း (၁)ထုပ်လျှင် ကျပ်(၂၀ မှ ၅၀)ထိမြင့်တက်လျက်ရှိပြီး အိမ်သုံးဆေးဝါးများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း လေ့လာသိရှိရ ပါသည်။

DOCA(မကွေး)