ထန်းပင်မှ ထွက်ရှိသည့် ထန်းရွက်

Powered by Drupal

     ထန်းပင်သည်လည်း နေရာမရွေး၊ ဒေသမရွေးပေါက်ရောက်သည့်အပင်ဖြစ်ရာ ထန်းပင်သည် တစ်ပင်လုံးအသုံးဝင်သောအပင်ဖြစ်ပါသည်။ ထန်းသီးသည်  နတ်တော်၊ ပြာသိုလတွင် သီးပြီး ထန်းရွက်သည် တန်ခူးလမှ စ၍ ခုတ်ရပြီး ထန်းပင်တစ်ပင်လျှင် ထန်းရွက် အရွက်(၂၀)ခန့် ခုတ်၍ရကြောင်း၊ အပူဒဏ်ကို ကာကွယ်ရန်အတွက် တန်ခူးလမှစ၍ ရရှိသည့် ထန်းရွက်ကို  အိမ်မိုးရန် အတွက် သော်လည်းကောင်း၊ အရိပ်ရရန်အတွက် ထန်းရွက်တဲများပြုလုပ်၍သော်လည်းကောင်း အသုံးပြုကြပါသည်။ အညာဒေသ၏ အမှတ်အသားဖြစ်သည့် ထန်းရွက်၏ အနံ့သည် အေးမြသည့်အပြင် မွှေးကြိုင်၍ ဈေးကွက်တွင် ရောင်းတန်းဝင်သောအပင်ဖြစ်ပါသည်။ ဧပြီလ လကုန်ပတ်တွင် ဖြစ်ပေါ်နေသော ထန်းရွက်ဈေးနှုန်းမှာ ထန်းရွက် (၁)ရွက်လျှင် (၃၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)