“ကန့်ဘလူမြို့၏ ဧပြီလ၊ တတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်း”

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်သုတေ သနလုပ်ငန်းများဆောင်ရွက်ရန်”ဆိုသည့် ဌာန၏ ရည်မှန်းချက်တာဝန်များကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဧပြီလ၊ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆလားဗီးယားအကောင်လိုက် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ထို့အပြင် ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဖယ်ချဉ်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ငါးရံ့ခေါင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ငါးမြင်းခေါင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)