မကွေးမြို့၊ မြို့မစျေးရှိ သစ်သီးဝလံစျေးနှုန်းများအခြေအနေ

Powered by Drupal

     မကွေးမြို့၊ မြို့မစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ သီပေါ၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်ဒေသတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂၃ခုနှစ်၊ ဧပြီလ၊ တတိယအပတ်တွင် မြို့မစျေးရှိ သစ်သီးဝလံစျေးနှုန်းများမှာ ပန်းသစ်တော်(၁)လုံးလျှင် ကျပ်(၂၀၀၀)၊ ဆန်းကစ်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ ပန်းသီး(အကြွပ်)ပိုက်စွပ်(၁)လုံးလျှင် ကျပ်(၁၆၀၀ မှ ၁၈၀၀)၊  ပန်းသီး(အကြွပ်)ရိုးရိုး(၁)လုံးလျှင် ကျပ်(၇၀၀)၊ ဖရဲသီး(၁)လုံးလျှင် ကျပ် (၂၃၀၀မှ ၂၅၀၀)၊ နာနတ်သီး(၁)လုံးလျှင် ကျပ်(၁၃၀၀ မှ ၁၈၀၀)၊ စပျစ်သီး(အကြီး)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ စပျစ်သီး(ချွန်)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ စပျစ်သီး (အသေး)(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ လိမ္မော်သီး(အော်ဂန်းနစ်)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၀၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မစျေးရှိ ဆိုင်ခန်းစျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)