မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

  မကွေးမြို့၊ မြို့မဈေး၌ ဧပြီလ၊ တတိယပတ်အတွင်း ရောင်းချနေသောကုန်ဈေးနှုန်းအခြေအနေများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀ မှ ၃၀၀၀)ထိ၊ ပန်းဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၅၀၀)၊ မုန်ညှင်းထုပ်(၁)ပိဿာလျှင် ကျပ်(၂၃၀၀)၊ ကန်စွန်းရွက်(၁)စီးလျှင် ကျပ်(၁၀၀)၊ ချဉ်ပေါင်ရွက်(၁)စီးလျှင် ကျပ်(၂၀၀)၊ ငရုတ်သီးခြောက်အရှည်(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀ မှ ၁၂၀၀၀)ထိ၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၁၇၀၀)ထိ၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်( ၆၀၀၀ မှ ၇၀၀၀)ထိ၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်( ၄၀၀၀ မှ ၅၀၀၀)ထိ၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)ထိ၊ ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀ မှ ၁၂၀၀)ထိ၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်( ၃၀၀၀ မှ ၄၀၀၀)ထိ၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၆၀၀၀ မှ ၆၅၀၀)ထိ၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၃၀၀)၊  ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၃၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်( ၁၅၀၀၀ မှ ၂၀၀၀၀)ထိ၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)ထိ၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀ မှ ၂၅၀၀၀)ထိ၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)ထိ၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

   စားသုံးဆီဈေးနှုန်းမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် (၁၃၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၇၃၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)