မကွေးတိုင်းဒေသကြီးသည် “မြန်မာနိုင်ငံ၏ဆီအိုးကြီး”ဟုတင်စားခေါ်ဝေါ်ရသော တိုင်းတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲကို အဓိကထားစိုက်ပျိုးကြပါသည်။ လက်ရှိအချိန်တွင် မိုးနှမ်း/မြေပဲထွက်ရှိချိန်မဟုတ်သော်လည်း ငွေကြေးရှိတောင်သူများက သီးနှံထွက်ရှိချိန်တွင် လိုအပ်သလောက်သာရောင်းချကြပြီး သိုလှောင်ထားသည့်အနက် နှမ်း၊ မြေပဲတို့ကို ထုတ်ရောင်းသည့်အချိန်ဖြစ်ရာ ဧပြီလ၊ တတိယအပတ်တွင် မကွေးကုန်စည်ဒိုင်ရှိ နှမ်းမျိုးစုံအနေဖြင့် နှမ်းဖြူ(၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ နှမ်းနီ(၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၉၁၆၇၀)၊ နှမ်းနက်(စမုံ) (၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၉၃၃၃၀)၊ နှမ်းညိုကြား(၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၈၅၀၀၀)တို့ဖြင့် စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၈၀၀၀)၊ ပဲနောက် (၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၄၇၀၀၀)၊ ပဲလွန်းဝါ(ကျွန်း)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ကုလားပဲလုံးသေး(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၁၅၀၀)၊ ပဲကြီးဖြူ (၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၇၅၀၀၀)၊ ပဲကြီး(မဲ)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၈၀၀၀)၊ ထောပတ်ပဲ(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၆၂၅၀၀)၊ ပဲစင်းငုံနီ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၇၁၀၀၀)၊ စားတော်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)တို့ဖြင့် စျေးနှုန်းတည်ငြိမ်လျက်ရှိပြီး ကုလားပဲကြီး (929) (၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၇၂၀၀၀)၊ ကုလားပဲ(ဟော်လန်)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၇၂၀၀၀)တို့ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
ဧပြီလ၊ တတိယအပတ်တွင် နှမ်းဖြူ (၁၀၀၀)အိတ်၊ နှမ်းနီ (၃၀၀)အိတ်၊ နှမ်းနက်(စမုံ) (၈၀၀)အိတ်၊ နှမ်းညိုကြား (၁၀၀)အိတ်၊ ပဲတီစိမ်း (၁၀၀)အိတ်၊ ပဲနောက် (၄၀၀)အိတ်၊ ပဲလွန်းဝါ(ကျွန်း) (၄၀၀)အိတ်၊ ကုလားပဲ (၈၀၀၀)အိတ်၊ ပဲကြီးဖြူ (၂၀၀၀)အိတ်၊ ပဲကြီးမဲ (၄၀၀)အိတ်၊ စားတော်ပဲ (၈၀၀)အိတ်၊ မတ်ပဲ (၁၀၀၀)အိတ်၊ ထောပတ်ပဲ (၂၀၀၀)အိတ်၊ ပဲစင်းငုံနီ (၆၀၀)အိတ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)