တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇) ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉) ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။
မှိုင်းခံရော်ဘာတွင် RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅) မျိုးရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 (၂) မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း (RSS-3) တစ်ပေါင်လျှင် ပေါက်စျေးသည် ယခင်အပတ်တွင် (၁၄၃၀) ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၁၄၀၀) ကျပ်ဖြစ်ပြီး စျေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ၍ ရော်ဘာကိုကော့သောင်းနှင့်ထိုင်းဖက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်းသိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခမှာ ထားဝယ်မှကော့သောင်းသို့ (ကားခ) တစ်တန်လျှင် (၂၄၀၀၀၀) ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)