ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ လက်ကားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်နှင့် စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် (၈၆၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၈၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခင်မတ်လ(စတုတ္ထပတ်)တွင် ပဲဆီဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြစ်ခဲ့၍ ယခုဧပြီလ(စတုတ္ထပတ်)နှင့် ယခင်မတ်လ(စတုတ္ထပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ ပဲဆီနှင့်နေကြာဆီ လက်လီ/လက်ကားတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်မြင့်တက်လာခဲ့ပြီး ကျန်စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။
DOCA(ကယား)