ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိသော ဟင်းချက်ငရုတ်တွင် ငရုတ်ပွ (အပွသီး) ငရုတ်အတောင့်ရှည် (ကိုင်းငရုတ်)သီးတို့သည် ဈေးကွက်အတွင်းသို့ ဇန်နဝါရီလတွင် စတင်ဝင်ရောက် ခဲ့ပါသည်။ ငရုတ်ပွသီးမှာ ဟင်းချက်ရာတွင် အရောင်လှ၍ ပိုမိုအသုံးပြုကြပြီး စိုက်ပျိုးသူနည်းသဖြင့် ငရုတ်တောင့်ရှည် ဒေသအခေါ် ကိုင်းငရုတ်ထက်ဈေးမြင့်ပါသည်။ ငရုတ်အပွ တစ်ပိဿာ ၂၂၀၀၀ကျပ် ၊ ဈေးရှိနေချိန်တွင် ငရုတ်တောင့်အရှည် ကိုင်းငရုတ်မှာ တစ်ပိဿာ ၁၅၀၀၀ကျပ်ဈေးဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ ဆန်းမှ စတင်၍ ယခုဧပြီလအတွင်း လှောင်လက်၊ ဝယ်ယူသုံးစွဲမှုတို့များလာခဲ့သော်လည်း ဧပြီလ ဒုတိယ ပါတ်တွင် ငရုတ်ဈေးမှာ အကျဘက်သို့ ရောက်ရှိခဲ့ပါသည်။ ငရုတ်ပွဈေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀၀ကျပ် ဈေးရှိပြီး ငရုတ်အတောင့်ရှည် (ကိုင်းငရုတ်)မှာ တစ်ပိဿာ ၁၂၀၀၀ကျပ် ဈေးရှိနေပါသည်။ လက်ကား ဈေးနှုန်းအနေဖြင့် ငရုတ်ပွဈေးမှာ ၁၈၀၀၀ကျပ် ဈေးရှိပြီး အတောင့်ရှည်(ကိုင်းငရုတ်)မှာ၁၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)