တောင်ငူမြို့တွင် အသားငါးဈေး အနည်းငယ်ပြန်ကျ

Powered by Drupal

      တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် သင်္ကြန်ကာလပြီးနောက် ကြက်သား(ရင်အုပ်သီးသန့်) တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ရင်အုပ် သီးသန့် ၁၂၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် ပြန်ကျသွားပါသည်။

    ငါးကြင်းမှာ သင်္ကြန်ကာလပြီးနောက် အကောင်လိုက်ဈေး  တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အမြီးလွတ်ခေါင်းလွတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေး  တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် အမြီးလွတ်ခေါင်းလွတ် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းပါသည်။

     ငါးကြင်းဖြူမှာ သင်္ကြန်ကာလအပြီးကအတိုင်း အကောင်လိုက်ဈေး တစ်ပိဿာ ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အမြီးလွတ်ခေါင်းလွတ်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်သို့ ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။ 

     ငါးမြင်းမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးရံ့မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်နှင့် ငါးခူမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိဖြင့် သင်္ကြန်ပြီးကာလကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ဝက်သား(ရေလွတ်သား)သုံးထပ်သားမှာ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

    ပုဇွန်ဆိတ်မှာ သင်္ကြန်ပြီးကာလက တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ပုဇွန်အကြီးမှာ သင်္ကြန်ပြီးကာလက တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၈၀၀၀ ကျပ်၊ ပုဇွန်အလတ်မှာ သင်္ကြန်ပြီးကာလက တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ပုဇွန်အသေးမှာ သင်္ကြန်ပြီးကာလက တစ်ပိသာလျှင် ၂၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၂၃၀၀၀ ကျပ် အသီးသီး ‌ဈေးကျသွားကြောင်း သိရပါသည်။

DOCA(ပဲခူး)