တောင်ငူမြို့ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးနှုန်း

Powered by Drupal

        တောင်ငူမြို့ရှိ CP ကြက်ဥ၊ ကြက်စာဆိုင်နှင့် 555 ကြက်စာဆိုင်များတွင် ကြက်ဥ အရွယ်မျိုးစုံရောင်းချလျက်ရှိရာ ကြက်ဥ အသေးတစ်လုံးလျှင် ၂၃၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၂၅၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၆၀ ကျပ် အသီးသီးရှိပါသည်။ ကြက်ဥကို ကတ်လိုက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိပါသည်။ ကြက်စာဈေးတက်သဖြင့် ကြက်ဥဈေးအနည်းငယ်တက်ကြောင်း သိရပါသည်။

           ဘဲဥ တစ်လုံးလျှင် ၃၀၀ ကျပ်၊ ၁၀ လုံးနှင့်အထက်ယူလျှင် ၂၈၀ ကျပ် ရောင်းပါသည်။ ငုံးဥ ၁၀ လုံးလျှင် ၅၀၀ ကျပ်၊ အလုံး ၁၀၀ နှင့်အထက်ယူပါက ဈေးအနည်းငယ်အပြောင်းအလဲရှိကြောင်း ကြက်ဥ၊ ဘဲဥနှင့် ငုံးဥအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)