တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ အချို့ဒေသများတွင် နွေစပါးများ စတင်ရိတ်သိမ်းနေ ပြီဖြစ်ပါသည်။ ရေတာရှည်မြို့နယ်တွင် နွေစပါးစိုက်ဧက စုစုပေါင်း (၁၈၄၆၂) ဧက စိုက်ပျိုးခဲ့ရာ GW11 စပါးမျိုး ၁၈၁၄ဧက၊ နှံကောက်စပါးမျိုး ၇၆၂၅ဧက၊ နယူးဧရာစပါးမျိုး ၅၉၀ဧက၊ ရတနာတိုး မျိုးစပါး ၂၈၂၂ ဧကနှင့် ရက် (၉၀) စပါးမျိုး ၅၆၁၁ဧက အသီးသီးစိုက်ပျိုးခဲ့ပါသည်။
ယခု ၂၀၂၃ ခုနှစ်၊ဧပြီလလယ်တွင် ရေတာရှည်မြို့နယ် ဆင်ဂွေ၊ ကျွဲရိုင်းပြင်၊ ညောင်ပင်သာ၊ ဆွာမင်းလမ်းကျေးရွာ အုပ်စုများ၌ နွေစပါးများစတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ နွေစပါးမျိုးကွဲများ အနက် နှံကောက်မျိုးစပါးစိုက်ဧက ၇၆၂၅ ဧက စိုက်ခဲ့ရာ ၆၆၉ ဧက ရိတ်သိမ်းပြီး၊ ရက် (၉၀) စပါး စိုက်ဧက ၅၆၁၁ဧက စိုက်ခဲ့ရာ ၉၆ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ ရေတာရှည်မြို့နယ်တွင် နွေစပါးစိုက်ဧက စုစုပေါင်း ၁၈၄၆၂ ဧကစိုက်ပျိုးခဲ့ရာ ၇၆၅ ဧက စတင်ရိတ်သိမ်းပြီး ဖြစ်ကြောင်း ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ စာရင်းဇယားများအရ လေ့လာသိရှိခဲ့ရပါသည်။
DOCA(ပဲခူး)