သိန္နီမြို့နယ်၌ တစ်နိုင်တစ်ပိုင်ဝက်သားပေါက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ကောင်းလောက်စောက် ကျေးရွာတွင် တစ်နိုင်တစ်ပိုင်ဖြင့် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက် မိသားစုစားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

    ဝက်သားပေါက်မွေးမြူရေး လုပ်ကိုင်ရာတွင် ဝက်သားပေါက်ကောင်များအား သတ်မှတ်ထားသည့် အသက်အရွယ်အလိုက် သွားဖြတ်ခြင်း၊ သံဓါတ်အားတိုးဆေးထိုးပေးခြင်း၊ ဝက်အထီးများအား သင်းကွပ်ခြင်း၊ ဝမ်းကျကာကွယ်ဆေးထိုးပေးခြင်း စသည့်အရာများကို မျိုးကောင်းမျိုးသန့်များ ရရှိစေရေးအတွက် မွေးကင်းစအရွယ်မှစ၍ စနစ်တကျပြုစုပျိုးထောင်ပေးရခြင်းဖြစ်ပါသည်။

      ဝက်သားပေါက်ကောင်လေးများအား အစာစားတတ်စေရန် တစ်ပတ်သားအရွယ်မှစ၍ လေ့ကျင့် ပေးပြီးရက်သားအရွယ်တွင် မိခင်နှင့်သားခွဲနေထိုင်စေကာ (၄၅)ရက်သားအရွယ်တွင်စတင်ရောင်းချလျက်ရှိပြီး၊ သားဖောက်ဝက်မကြီးသည် ဝက်တစ်သားလျှင်(၁၀) ကောင်မှ (၁၅)ကောင်အထိပေါက်လျက်ရှိကြောင်း ရာနှုန်းပြည့်အသက်ရှင်ပြီး၊အထီးတစ်ကောင်လျှင် ငွေကျပ်-၁၇၀၀၀၀နှုန်း၊အမတစ်ကောင်လျှင်ငွေကျပ်-၁၆၀၀၀၀နှုန်း၊ အထီး၊ အမ ပါဝင်သောအုပ်ဖျက်တစ်ကောင်လျှင် ငွေကျပ်- ၁၆၀၀၀၀ နှုန်းဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

       ဈေးကွက်အနေဖြင့် သိန္နီမြို့နယ်၊ လောက်ကိုင်မြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့မှ လာရောက် ဝယ်ယူလျက်ရှိကြောင်း ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)