ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ နောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၉၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၂၀၀၀၀၊ တန်အားဖြင့် ၆၀၀၀တန် စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၈၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၁၂၀၀၀၊ တန်အားဖြင့် ၅၆၀၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၈၀၀၀၊ တန်အားဖြင့် ၄၀၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

    ရွှေဘိုမြို့၏ မေလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀ ၊ ဧရာမင်းစပါး  တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)