တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၂၀.၅၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၄၀၅)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၂၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၀.၅၂၅) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၁)နှစ်စာ လျာထားချက်အပေါ်  (၂.၅၆)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်းကို တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

   ပို့ကုန်အနေဖြင့် (၁၅.၄.၂၀၂၃ မှ ၂၁.၄.၂၀၂၃ ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၆) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၂၂.၄.၂၀၂၃ မှ ၂၈.၄.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၆၉) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန် အနေဖြင့် (၁၅.၄.၂၀၂၃ မှ ၂၁.၄.၂၀၂၃)ရက်နေ့ အထိ ဆံပင် အရေအတွက်အားဖြင့် (၅.၃၇၀) တန်ဖိုး အားဖြင့် (၀.၀၂၀) တင်သွင်းနိုင်ခဲ့ပါကြောင်း၊ (၂၂.၄.၂၀၂၃ မှ ၂၈.၄.၂၀၂၃)ရက်နေ့ အထိ ဓါတ်မြေ ဩဇာတန် အရေအတွက်အားဖြင့်(၁၀၀.၀၀၀)၊ တန်ဖိုးအားဖြင့် (၀.၀၂၅)ဒေါ်လာသန်း၊ ဆံပင် အရေအတွက်အားဖြင့် (၆.၀၃၀) တန်ဖိုးအားဖြင့် (၀.၀၂၃) တင်သွင်းနိုင်ခဲ့သည့်အတွက် စုစုပေါင်း အရေ အတွက်အားဖြင့် (၁၀၆.၀၃၀) တန်ဖိုးအားဖြင့် (၀.၀၄၈)တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၅၃) ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၂၈)  ပိုမိုတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)