ပခုက္ကူမြို့ပေါ်၌ ဧပြီလ(စတုတ္ထပတ်)၏ စားသုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသောစားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကားတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းရောဆီ လက်ကားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် (၆၃၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၆၆၀၀) ကျပ်၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ဧပြီလ(တတိယပတ်)တွင် စက်ပဲဆီ လက်ကားတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် (၁၁၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ နှမ်းရောဆီ လက်ကားတစ်ပိဿာလျှင် (၈၉၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်ဧပြီလ(တတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် မြို့ပေါ်ရှိ စားသုံးဆီဈေးနှုန်းများမှာ မြှင့်တက်လျက်ရှိကြောင်း စားသုံးဆီဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)