ကယားပြည်နယ်၏ ကုန်သွယ်မှုသတင်း

Powered by Drupal

   ကယားပြည်နယ်တွင် ကုန်စည်များပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ မေလ(ပထမပတ်)တွင် ဆန်တင်သွင်းမှုမှာ (၁၇၅၅)အိတ်/(၈၉)တန်၊ ကုန်စုံ(၁၃)စီး၊ မြေဩဇာ(၄၃၅)အိတ်၊ ဘိလပ်မြေကား(၂)စီး၊ အချိုရည်(၁)စီး၊ ကြက်ဥ(၄၄၅၀)ကတ်တင်သွင်းခဲ့ပြီး  အခြားပြည်နယ်သို့ ပြောင်းတင်ပို့မှုမှာ (၁၅၂၅)အိတ်/(၇၅)တန်တင်ပို့နိုင်ခဲ့ကြောင်း၊ ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၃၅၀)အိတ်/(၁၇)တန်တင်ပို့နိုင်ခဲ့ပြီး ယခင်ဧပြီလ(ပထမပတ်) ဆန်တင်သွင်းမှုမှာ(၂၈၁၅)အိတ်/(၁၄၁)တန်၊ ကြက်သွန်နီတင်သွင်းမှုမှာ (၃၀၀၀)အိတ်၊ ကုန်မျိုးစုံကား(၂၂)စီး၊ အချိုရည်ကား(၄)စီး၊ ဆပ်ပြာ (၂၀၀၀၀)တန်၊ ကြက်ဥ(၉၅)ကတ်၊ မြေဩဇာကား(၂)စီးတင်သွင်းခဲ့ပြီး ယခင်လပထမပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ကယားပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၁၀၆၀)အိတ်/(၅၃)တန်ခန့်လျော့နည်းလာကြောင်း၊ ကုန်စုံကား(၉)စီးဝင်ရောက်မှုမှာလည်း လျော့နည်းလာကြောင်း၊ ကြက်ဥမှာ (၄၃၅၅)ကတ်ပိုမိုလာကြောင်း ကယားပြည်နယ်ရှိ မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါသည်။

DOCA(ကယား)