စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့်အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ မေလ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ပဲတီစိမ်းတစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရှိရပါသည်။
ပဲတီစိမ်းမှာ ဧပြီလတတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ ပထမပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ မေလ၊ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၆၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/ (၂၉၄)တန် ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ မေလ တတိယပတ်မှသာ စတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ် မေလ ပထမပတ်တွင် ပဲတီစိမ်းများ ဈေးကွက်အတွင်းသို့ အမြင့်ဈေးဖြင့် စတင်ဝင်ရောက်လာသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)