ဧပြီလကုန်ပိုင်းနှင့် မေလ လဆန်းပိုင်းအတွင်း ပွဲရုံများတွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံများ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း၊ တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ကန့်ဘလူပွဲရုံများအနေဖြင့် ဧပြီလနှင့် မေလ လဆန်းပိုင်းတို့တွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အရောင်းအဝယ် ဖြစ်မှုအခြေအနေမျာမှာ ပဲစဉ်းငုံ (၁၅၀)တင်း/(၁၄.၇၀)တန် တောင်သူမျိုးကျန်များ ရောင်းချချိန်ဖြစ်သည့်အတွက် အဝင်နည်းသော အချိန်ဖြစ်ကာ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးနှုန်းမှာတစ်တင်းလျှင် (၇၄၀၀၀)ကျပ် ပေါက်ဈေး ရှိပါသည်။ ကုလားပဲ အမျိုးအစား (၄)မျိုးရှိပြီး v2 အမျိုးအစား (၄၀၀)တင်း/(၁၂.၄၁)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၉၅၀၀)ကျပ်နှုန်း ၊ v7အမျိုး အစား(၇၀)တင်း/(၂.၁၇)တန်ဈေးနှုန်း တစ်တင်းလျှင် (၇၀၀၀၀)ကျပ်နှုန်း၊ ထိုင်ဝမ် အမျိုးအစာ (၁၀၀)တင်း/(၃.၁၀)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၆၀၀၀)ကျပ်နှုန်း၊ 929အမျိုးအစား တင်း(၉၀၀) /တန်(၂၇.၉၄)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၈၅၀၀)ကျပ်နှုန်း ပေါက်ဈေးရှိပြီး၊ မတ်ပဲ တင်း(၇၀၀) /တန်(၆၈.၆၂) ဈေးနှုန်း တစ်တင်းလျှင်(၆၈၀၀၀)ကျပ်နှုန်း ၊ ပဲတီစိမ်း(ရွှေဝါ) တင်း(၅၄၀)၊ (၁၅.၈၈) တန် ယခု မေလဆန်းမှ စတင်ပေါ်သော သီးနှံဖြစ်ပြီး အဝင်တင်း နည်းသေးကြောင်း ဈေးနှုန်းမှာ အလုံးအကြီး တစ်တင်း လျှင်(၇၀၀၀၀)ကျပ်၊ အလုံးသေး တစ်တင်းလျှင်(၆၈၀၀၀)ကျပ် ပေါက်ဈေးရှိပါသည်။  ထို့နောက် မေလဆန်းတွင်  ပဲကြီး စတင်ပေါ်လာပြီး အဝင် တင်း(၃၅၀)၊ (၁၀.၂၉)တန် ဈေးနှုန်းမှာ(၇၅၀၀၀) ကျပ် ပေါက်ဈေးရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ၊ မြေပဲ အဆံ ယခု မေလဆန်းတွင် တင်း(၁၀၀)ခန့် ပွဲရုံသို့ အဝင်ရှိပြီး ပေါက်ဈေးမှာ တစ်တင်းလျှင်(၁၀၀၀၀၀)ရှိပြီး၊ မြေပဲ အတောင့် (၃၀၀)ခန့် အဝင်ရှိကာ ပေါက်ဈေးမှာ(၂၈၀၀၀)ဈေးရှိပါသည်။ ယခင် ဧပြီလဝက်နှင့် ယခု မေလဆန်းပိုင်းတွင် ကြက်သွန်နီ ပိသာ(၁၈၀၀) ခန့် အဝင်ရှိပြီး ပေါက်ဈေးမှာ ကြက်သွန် အသေး/ အကြီးပေါ် မူတည်၍ တစ်ပိသာလျှင်(၁၇၀၀/၂၀၀၀/၂၂၀၀)ထိ ရှိကြောင်းနှင့် မူးမြစ်ကမ်းဘေး တလျှောက်  ကျွန်းထဲစိုက်သည့် ကျေးရွာများမှ ထွက်ရှိပါသည်။ ထိုနည်းတူ ငရုတ်သီးခြောက် များကိုလည်း  နဒေါင်းကျကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကမ်းဘဲကျေးရွာများမှ ထွက်ရှိပြီး ဈေးကောင်းရရှိသဖြင့် ပွဲရုံသို့ လာရောက်ရောင်းချကာ ပိသာ(၇၀၀)ခန့်ရှိပီဖြစ်ပြီး ပေါက်ဈေးမှာ အမျိုးအစားအလိုက် (၁၈၀၀၀/၂၂၀၀၀/၂၄၀၀၀/၂၆၀၀၀)ထိ အစားစားရှိပြီး ပွဲရုံသို့ ဝင်ရောက်လာသော သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)