ဒေသထွက်သဘာဝ ပဲပုပ်ချပ်လုပ်ငန်း

Powered by Drupal

  ကျောက်မဲမြို့(၈)ရပ်ကွက်၊ ဖြူးရပ်ရှိ ဒေသထွက်သဘာဝအတိုင်း ပြုလုပ်ရောင်းချနေသည့်ပဲပုပ်ချပ်ပြုလုပ်သည့်နေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်အဖွဲ့သည် (၂-၅-၂၀၂၃)ရက်နေ့၌ သွားရောက်လေ့လာကွင်းဆင်းမေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။

   အဆိုပါဒေသထွက်ပဲပုပ်ချပ်များကို ဓာတုဆေးဝါးသုံးစွဲထားခြင်းမရှိကြောင်း သဘာဝအတိုင်းထွက်ရှိလာသောပဲပုပ်စေ့ပဲများကို ရေသန့်စင်အောင်ဆေးကြောပြီး ထင်းမီးဖြင့်(၁၂)နာရီအကြာပြုတ်ရကြောင်း၊ ပြုတ်ပြီးသောပဲပုပ်စေ့များကို ဇကာတွင်စစ်၍ ဂုန်နီအိတ်(၂)အိတ်အသုံးပြုပြီး အထက်အောက်ဖုံးဖိ၍ (၂)ညအိပ်အပုပ်ခံရကြောင်း၊ အပုပ်ခံရသောပဲပုပ်စေ့များကို ကြိတ်ဆုံဖြင့်ကြိတ်၍ ရလာသောပဲပုပ်စေ့များကို သဘာဝအတိုင်းပြုလုပ်ထားသော အသားပြားအဝိုင်းအတွင်းထည့်၍ ပြားရိုက်ပြီးနေပူလှန်းရကြောင်း သဘာဝအတိုင်း အဆင့်ဆင့်ပြုလုပ်ပုံများကို အသေးစိတ်လေ့လာခဲ့ကြကြောင်းနှင့် ပဲပုပ်ချပ်လုပ်ငန်းဖြင့် မိသားစုဝမ်းရေးအတွက်သာမကဘဲ အမြဲတမ်းပုံမှန်ဝင်ငွေရရှိသဖြင့် အဆင်ပြေလျက်ရှိသော မိသားစုအိမ်တွင်းမှုလုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)