ရှမ်းပြည်နယ်(တောင်ပိုင်း)မှ နှင်းဆီပန်းဈေးကွက် အခြေအနေ

Powered by Drupal

      နှင်းဆီပန်းသည် ပန်းမန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းအမျိုးအစားဖြစ်ပြီး အခြားပန်းများနှင့်မတူဘဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါသည်။ နှင်းဆီပန်းသည် အရောင် အဆင်းစုံလင်ခြင်း၊ ရနံ့သင်းပျံ့ခြင်း၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိခြင်း စသောအချက်များကြောင့် အလှစိုက်ပန်းပင်အဖြစ်လည်းကောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ်လည်းကောင်း၊ စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပါသည်။ နှင်းဆီပန်းကို စိုက်ပျိုးရာတွင်လည်း မြေအမျိုး အစားမရွေး စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်မှာလည်း အခြားပန်းမန်များထက် နည်းပါးပါသည်။ နှင်းဆီပန်းကို မိရိုးဖလာနည်းဖြင့်သာမက Green House စနစ်ဖြင့်ပါ စိုက်ပျိုးလျက်ရှိပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှင်းဆီပန်းများကို တောင်ကြီးမြို့နယ်(ရွှေညောင်၊ တောင်နီ၊ တောင်လေးလုံး)၊ ရပ်စောက်(ကောင်းဘို့)၊ ပင်းတယမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ချိုချဉ်၊ ဂျပန်နီ၊ နှင်းဆီဝါ စသည့် နှင်းဆီမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ နှင်းဆီပန်းတစ်ဧကလျှင် အပင်ရေ ၅၀၀၀ ခန့် ဝင်ဆံ့ပြီး ပျမ်းမျှတစ်ရက်လျှင် နှင်းဆီတစ်ပင်မှ ၃ ပွင့် မှ ၅ ပွင့်အထိ ထွက်ရှိပါသည်။ စိုက်ပျိုးထွက်ရှိသော နှင်းဆီပန်းများကို တောင်ကြီး၊ ရန်ကုန်၊ မူဆယ်မြို့များသို့ တင်ပို့ရောင်းချပါသည်။ နှင်းဆီပန်းများကို တင်ပို့ရောင်းချရာတွင် အပွင့် (၁၀၀) မှ (၂၀၀) ခန့် ဝင်ဆံ့သော ဝါးသေတ္တာ(ပန်းတာ)များ၊ စက္ကူဖာများဖြင့် တင်ပို့ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း တစ်ပွင့်လျှင် အနိမ့်ဆုံး ၁၅ဝိ/- ကျပ်မှ အမြင့်ဆုံး ၅၀ဝိ/- ကျပ်အထိ အရောင်းအဝယ်ဖြစ်ပြီး ဆောင်းရာသီတွင် နှင်းဆီပန်းအထွက်နှုန်းကျသဖြင့် ဈေးကောင်းရရှိပြီး မိုးရာသီတွင် အထွက်နှုန်းများသဖြင့် ဈေးနှုန်းလျော့နည်းကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)