ပြည်စျေးကွက်တွင် မတ်လပထမပတ်တွင် မြေပဲဆံ(အဖြူ)ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ ရွှေတောင်၊ ပေါက်ခေါင်း၊ ကံမ၊ ဥသျှစ်ပင်နှင့် တောင်ကုတ်ဘက်မှ နေ့စဉ် အိတ်(၅၀၀/၆၀၀) ခန့်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လုံးဆန် (အနီ)ကို မန္တလေးဝယ်လက်များနှင့် မြို့တွင်း ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိသော်လည်း ယခုအပတ်တွင် အဝယ်အားနည်းသွားပြီး လုံးဆံ(အဖြူ)ကို မြဝတီသို့ တင်ပို့ရန် ဝယ်ယူမှုရှိသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆီကြိတ်မြေပဲဆံကို မြို့တွင်းဆီစက်သမားများက နေ့စဉ် ဝယ်ယူမှုရှိသဖြင့် ဆီကြိတ်မြေပဲဆံ(အဖြူ) တစ်ပိဿာလျှင် (၆၂၀၀)ကျပ် ဖြင့်ယခင် အပတ်ထက် (၅၀၀)ကျပ်ခန့် မြင့်တက်လာပြီး ၊ ဆီဆံ(အနီ) တစ်ပိဿာလျှင် (၆၅၀၀)ကျပ် ဖြင့် ယခင် အပတ်ထက် (၂၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းလာခဲ့ပါသည်။ မြေပဲဆံလုံးဆံ(အဖြူ) တစ်ပိဿာလျှင် (၆၇၀၀)ကျပ်ဖြင့် ယခင်အပတ်ကထက် (၂၀၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပြီး ၊ လုံးဆံ(အနီ) တစ်ပိဿာလျှင် (၇၄၀၀၀)ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းများငြိမ်နေတာ တွေ့ရပါသည်။ မြေပဲဆံ(အဖြူ)မှာ ဝယ်လက်များရှိ၍ ဈေးမြင့်တက်နေသော်လည်း မြေပဲဆံ(အနီ)မှာ ဝယ်လက်နည်းသွားသဖြင့် ဈေးနှုန်းများ ကျဆင်းကြောင်း သိရပါသည်။
DOCA(ပဲခူး)