ကသာခရိုင် ဆောင်းမြေပဲဈေးကောင်းရပြီး ဒေသတွင်း လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ

Powered by Drupal

     ကသာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းမြေပဲစိုက်ပျိုးဧက (၈၆၁၁၃)ဧကရှိကာ ဆောင်းမြေပဲ ကို နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြပြီး ဧပြီလနှင့် မေလတွင် နုတ်သိမ်းကြ သည်။ ယခုနှစ် ဆောင်းမြေပဲပေါ်ချိန် ဒေသပေါက်ဈေး အတောင့်တစ်တင်း (၁၃၅၀၀)ကျပ်ရှိသော ကြောင့် ပဲတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ကသာခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်ရှိ ဆောင်းမြေပဲစိုက်ဧကများမှာ ကသာမြို့နယ် (၃၁၈၈၄)ဧက၊ အင်းတော်မြို့နယ် (၂၃၇၀၀)ဧက၊ ထီးချိုင့်မြို့နယ် (၂၂၇၁၅)ဧကနှင့် ဗန်းမောက်မြို့နယ် (၇၈၁၄)ဧက စုစုပေါင်း (၈၆၁၁၃)ဧကရှိပြီး စံကွက်အထွက်နှုန်းအရ တစ်ဧက (၆၇.၇၀)တင်း ထွက် ကြောင်းနှင့် ရာသီကုန်ရိတ်သိမ်းပြီးပါက တင်းပေါင်း (၅၇၇၅၀၀၀)ခန့်ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။ ယခုနှစ် မြေပဲနုတ်သိမ်းနေဆဲ ကာလဖြစ်ပြီး ဒေသတွင်း ပဲနုတ်/ပဲခြွေလုပ်သားများအနေဖြင့် နုတ်/ခြွေခ တစ်တင်း (၂၅၀၀)ကျပ်ရရှိကာ လုပ်သားတစ်ဦးလျှင် ပဲလေးတင်းကျော် နုတ်သိမ်းရရှိသည့်အတွက် နေ့စဉ်ဝင်ငွေ တစ်သောင်းကျပ်ကျော်ခန့် ရရှိကြောင်း ပဲနုတ်/ပဲခြွေသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)