ပြည်ခရိုင်၏ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်၊ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေမှာ ပြည်မြို့နယ်အနေဖြင့် (၁၆၄၄၀)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄၂၄) ဧက၊ ပန်းတောင်းမြို့နယ်တွင် (၉၃၉) ဧက၊ ရွှေတောင်မြို့နယ်တွင် (၁၉၁၂) ဧကစိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် စုစုပေါင်းနွေစပါးစိုက်ပျိုးဧကမှာ (၃၀၇၁၅) စိုက်ပျိုးပြီးဖြစ်ပါသည်။ နွေစပါးအမျိုးအစားတွင် ရတနာတိုးစပါးတစ်မျိုးကိုသာစိုက်ပျိုးခြင်းဖြစ်ပါသည်။ တောင်သူများအား စိုက်စရိတ်များထုတ်ချေးခြင်းမရှိသော်လည်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး စသည့်သွင်းအားစုများကိုသာထုတ်ပေးခြင်းဖြင့် တောင်သူများအတွက် ပံ့ပိုးမှုများရှိခဲ့ပါသည်။

       ပေါက်ခေါင်းမြို့နယ်မှ ဆန်စက်ပိုင်ရှင်များအနေဖြင့် နွေစပါးထွက်ရှိမှုမရှိသေးသော်လည်း သဲကုန်းမြို့နယ်မှထွက်ရှိသော နွေစပါးများအား ဝယ်ယူကြိတ်ခွဲရောင်းချလျက်ရှိပါသည်။ ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)၏ ဆန်စပါးဈေးနှုန်းအနေဖြင့် တင်း (၁၀၀) လျှင် (၁၃၅၀၀၀၀) ကျပ်ရှိပြီး ဆန်တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)