![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/398.jpg?itok=Z6MsMfZd)
ထန်းတပင်မြို့နယ်တွင် ယခုနှစ်တွင် နေကြာသီးသန့် ၁၁၀ဧက၊ သီးညှပ် ၃၄၀၄ဧက၊ စုစုပေါင်း ၃၅၁၄ဧကစိုက်ပျိုးပါသည်။ သီးသန့်စိုက်ပျိုးသူများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ ၁၅၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်ထိရှိပြီး သီးညှပ်စိုက်ပျိုးသောတောင်သူများအနေဖြင့် မိမိတို့၏မီးဖိုချောင်အတွက် စားသုံးဆီအသင့်အတင့်ဖူလုံမှုရရှိပါသည်။
နေကြာဆီတစ်ပုံး(၁၀ပိဿာ)ရရှိရန်အတွက် နေကြာစေ့ ၂၃ပိဿာမှ ၂၅ပိဿာအထိ ကြိတ်ခွဲရပါသည်။ လက်ရှိ ဈေးကွက်အတွင်းတွင် နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိရှိပါသည်။ ဒေသတွင်းဆီစက်များအနေဖြင့် တောင်သူများ နဝလီကြိတ်ခွဲပါက ကြိတ်ခွဲပေးပါသည်။ ကြိတ်ခွဲခအနေဖြင့် နေကြာကြိတ်ဖတ်ကိုသာယူပါသည်။
နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်နေသူများစားသုံးသင့်ကြောင်း သိရပါသည်။ နေကြာသည် မြေဆီအသင့်အတင့်ကောင်းလျှင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် တောင်သူများအနေဖြင့် နောင်နှစ်များတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)