တောင်ငူမြို့၌ ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်/အကျရှိ

Powered by Drupal

  တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိ၊ ကုလားအော်သီးစိမ်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်အထိဖြင့် ဈေးတက်ပါသည်။ ခရမ်းသီးဖြူတစ်ပိဿာလျှင် ၅၅၀ကျပ်မှ ၆၀၀ကျပ်အထိ၊ ခရမ်းသီးညိုတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ဒေသသခွားသီးတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်အထိနှင့် ရှမ်းပြည်သခွားသီးတစ်ပိဿာလျှင် ၁၂၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ခရမ်းချဉ်သီးမှာ ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၂၀၀ကျပ်အထိရှိရာမှ ယခုမေလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ဂေါ်ဖီမှာ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။

     ဂေါ်ရခါးသီးမှာ ဧပြီလကုန်ပိုင်းက တစ်လုံးလျှင် ၁၈၀ကျပ်မှ ၂၀၀ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်လုံးလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ပြောင်းဖူးမှာ ဧပြီလကုန်ပိုင်းက အကြီးတစ်ဖူးလျှင် ၂၅၀ကျပ်၊ အသေးတစ်ဖူးလျှင် ၁၅၀ကျပ်ရှိရာမှ ယခုအပတ်တွင် အကြီးတစ်ဖူးလျှင် ၁၈၀ကျပ်မှ ၂၀၀ ကျပ်အထိ၊ အသေးတစ်ဖူးလျှင် ၁၃၀ကျပ်မှ ၁၅၀ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။

   နံနံပင်မှာ ဧပြီလကုန်ပိုင်းက တစ်ဆယ်ကျပ်သားလျှင် ၃၀၀ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်အထိမြင့်တက်ပါသည်။ ကန်စွန်းရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းဝယ်လျှင် ၆၀၀ကျပ်ဖြင့်ရောင်းချကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)