မုံရွာမြို့နယ်၌ ကွမ်းစိုက်တောင်သူများ ဈေးကောင်းရရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။   

   မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ယခင်ဧပြီလတွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၅၀၀၀-၇၀၀၀) ဈေးရရှိပြီး ယခုမေလတွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)ထိ ရောင်းချရပြီး ဈေးနှုန်းအဆမတန်မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   “ယခင်နှစ်က ဒီလိုနွေမှာ ကွမ်းဈေးက တစ်ပိဿာ ကျပ် ၃၀၀၀ ဝန်းကျင်ပဲရှိတာ၊ နွေနဲ့မိုးမှာ ကွမ်းအထွက်နှုန်းတိုးတာကြောင့် ဈေးကွက်ကအသင့်အတင့်ပဲ၊ ဒီနှစ်ကတော့ အခုလို နွေဈေးကွက် တစ်သောင်းကျော်ကတော့ မကြုံဖူးဘူး ဈေးကွက်ကောင်းတော့ ကွမ်းစိုက်တောင်သူတွေ ပိုအဆင်ပြေတာပေါ့၊ ကွမ်းတိုးချဲ့စိုက်သူတွေလည်း ပိုများလာတယ်”လို့ ကွမ်းစိုက်တောင်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ 

DOCA(စစ်ကိုင်း)