ဈေးကွက်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်းမြှင့်တက်လျက်ရှိ

Powered by Drupal

    စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  မုံရွာမြို့နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊  ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါးနေခြင်း၊ ဒေသထွက်များ လှိုင်လှိုင်မပေါ်သေးခြင်းကြောင့် ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချ လျက်ရှိကြောင်း၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခု မေလ ဒုတိယပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ ယခင် ဧပြီလ ဒုတိယပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာ လျှင် ကျပ်(၆၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဖြင့်ရောင်းချလျှက် ရှိကြောင်း၊  ယခုဖေဖော်ဝါရီလ ဒုတိယပတ်နှင့်  ယခင် ဇန်နဝါရီလ ဒုတိယပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစတစ်ပိသာလျှင် ကျပ် (၁၀၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း မုံရွာမြို့၊မြသလ္လာဈေးတွင်ရောင်းချနေသော ကုန်သည်ပွဲစားများထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)